နေရာဒေသ  Myanmar

ML အကြောင်း | ကြော်ငြာရန် | ဘယ်လိုကြော်ငြာမလဲ | ဝက်ဆိုဒ် အသစ်ဖွင့်ခြင်း/တင်ခြင်း | မေးခွန်းများ | ဆက်သွယ်ရန်

ML အကြောင်း

ယခုအချိန်မှာဆိုလျှင်ဖြင့် အင်တာနက်မာကတ်တင်းမှာ မရှိမဖြစ်လိုအပ်သော် သော့ချက်တစ်ခုဖြစ်ပါသည်။ ပထမဦးစွာ ဤအင်တာနက်မာကတ်တင်းမှာ စီးပွားရေးလုပ်သူနှင့်ဝယ်ယူသူများအကြား ခိုင်မာသော ဆက်ဆံရေးဖြစ်နေပါသည်။ အင်တာနက် မာကတ်တင်း ကြောင့် စီးပွားရေးလုပ်ငန်းများမှာ ထောင်နှင့်သောင်းနှင့် ချီသော် ဝယ်ယူသူများ တစ်လနှင့်တစ်လ တိုးပွားလာပါသည်။ စီးပွားရေး အလတ်စား ဖြစ်သည့်တိုင်အောင် ထိုစီးပွားရေး၏ ကုန်ပစ္စည်းများမှာ ကမ္ဘာနှင့်ရင်ဘောင်တန်းလာပါသည်။ ဤ အွန်လိုင်း ကြော်ငြာများကြောင့် စီးပွားရေးတော်တော်များမှာ ကမ္ဘာတဝန်းဖြန့်ကျက်နိုင်လာအောင် တိုးတတ်ကြီးပွားလာနိုင်ပြီ ဖြစ်ပါသည်။

 

ဤအွန်လိုင်းကြော်ငြာခြင်းရဲ့ အဓိကအကြိုးအမြတ်မှာ သင့်စီးပွားရေးကို ၂၄ နာရီ ပတ်လုံးနှင့် ၁ ပတ်လုံးမှာ ၇ ရက်လုံးလုံး ဖွင့်ထားနိုင်ခြင်းပင် ဖြစ်ပါသည်။ ပြီးလျှင် အိုးမကွာ အိမ်မကွာပြုလုပ်နိုင်ခြင်းပင်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် အင်တာနက် မာကတ်တင်းကြောင့် ဝယ်ယူသူများသည် တခြားသော မြို့များမှလည်း ဝယ်ယူနိုင်ပါသည်။ ထို့ကြောင့် ကုန်ပစ္စည်းများကို အင်တာနက်ပေါ်မှတဆင့် ကမ္ဘာအရပ်ရပ်မှ ဝင်ရောက်ကြည့်ရှု ဝယ်ယူနိုင်လာပါသည်။

 

ထို့သို့ မြန်မာလစ်စ်ကြောင့် မိမိတို့၏ပစ္စည်းများကို ရောင်းနိုင်ဝယ်နိုင်ခြင်းအား မြန်မာပြည်သူ လူထုအတွက် အထူးအကြိုးအမြတ် ဖြစ်လာတော့ပါသည်။ အခြား အကျိုးအမြတ်ရှိသော အချက်မှာ မြန်မာလစ်စ်တွင် အင်တာနက်ကြေငြာခြင်းဖြင့် သင်၏ ကုန်ပစ္စည်းများမှာ မြန်မာပြည်တွင်း သာမက ပြည်ပရောက်မြန်မာများကို အကျိုးသက်ရောက်မှရှိစေခြင်းပင် ဖြစ်ပါသည်။

 

မြန်မာပြည်မှာ စိတ်ဝင်စားစရာနေရာတခုဖြစ်သည့်အားလျောစွာ နိုင်ငံခြားသားများစွာ လာရောက်လျက်ရှိပါသည်။ ဤနိုင်ငံခြားများသည် သူတို့ရောက်ရှိသော နေရာအလိုက် ကုန်ပစ္စည်းများကို ဝယ်လေ့ရှိပါသည်။ ထို့ကြောင့် မြန်မာလစ်စ်၏ အကျိုးအမြတ်မှာ ထိုသို့နိုင်ငံခြားသားများအား သူတို့ စိတ်ပါဝင်စားသော ကုန်ပစ္စည်းများကို မိတ်ဆက်ပေးနိုင်ခြင်းပင်ဖြစ်ပါသည်။

 

မြန်မာလစ်စ် ML တည်ရှိခြင်းကြောင့် ကြော်ငြာကုန်ပစ္စည်းများကို မြန်မာပြည်တွင်း ပြည်သူများသာမက ကမ္ဘာအရပ်ရပ်ကပါ အင်တာနက်မှတဆင့် ၂၄နာရီပတ်လုံးနှင့် နေ့တိုင်းရက်ဆက် ဝင်ရောက်ကြည့်ရှုနိုင်ခြင်းဖြစ်ပါသည်။  စာရင်းကိုင်နှင့် ပတ်သတ်သော၊ ဘဏ်လုပ်ငန်းနှင့် ပတ်သတ်သော၊ ဆောက်လုပ်ရေးနှင့် ပတ်သတ်သော၊ အင်ဂျင်နာနှင့် ပတ်သတ်သော၊ အကြံပေးနှင့် ပတ်သတ်သော၊ နှင့် အခြားသော ကိစ္စအဝဝတို့ မြန်မာလစ်စ်တွင် ရှာဖွေနိုင်ပါသည်။

 

ကျွန်တော်များရဲ့ ကုမ္ပဏီလိပ်စာကတော့ ၈၇-ခ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး၊ ဆက်သွယ်ရန် ဖုန်းနံပတ်များကတော့ 01-222 631၊ 09-4313 6028 များဖြစ်ပါတယ်။ အီးမေးလ်နဲ့ ဆက်သွယ်ချင်ရင်တော့ info@myanmarlist.com ကို ဆက်သွယ်နိုင်ပါတယ်။



jhjhjhjhjhjhjhjhjhjh